Posts

Showing posts from September, 2021

ဝက်ခြံအတွက် ရှားစောင်းလက်ပပ်ရဲ့ အသုံးဝင်ပုံ

Image
  ရှား စောင်းလက်ပပ်ဟာ အသားအရေအတွက် ဘက်ပေါင်းစုံကနေ ကူညီပေးနိုင်တဲ့ နတ်ဆေးတစ်ပါးဆိုတာ အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်။ အလှအပအတွက်ဆိုရင်လည်း ဝက်ခြံ၊ အဖုအပိမ့်၊ အင်ပျဉ်ထတာတွေ၊ ဆားဝက်ခြံ၊ ချွေးပေါက်ကျယ်တဲ့ ပြဿနာတွေအတွက် ကူညီပေးနိုင်သလို အနာကျက်မြန်စေဖို့၊ အသားအရေကြည်လင်ဝင်းပစေဖို့၊ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ပေးတဲ့နေရာမှာပါ အားဖြည့်ပေးပါတယ်။ ဒီဆောင်းပါးမှာတော့ ဝက်ခြံကို ကုသတဲ့နေရာမှာ ရှားစောင်းလက်ပပ်ကို ဘယ်လိုအသုံးပြုလို့ရမလဲဆိုတဲ့ နည်းလမ်းတွေရဲ့ သူ့ရဲ့အသုံးဝင်ပုံတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အသုံးဝင်ပုံ ကျွန်တော်တို့ရဲ့ အရေပြားကနေပြီးတော့ သဘာဝအဆီတွေ အမြဲလိုလို ထွက်နေတတ်ပါတယ်။ ဒီအဆီဟာ အပြင်က ဖုန်မှုန့်၊ သဲ၊ အညစ်အကြေးတွေနဲ့အတူ ချွေးပေါက်ထဲကို ဝင်အောင်းနေတဲ့အခါ အထဲမှာ ဘက်တီးရီးယားတွေ ပေါက်လာပြီး ဝက်ခြံကို ဖြစ်စေတာပါ။ ရှားစောင်းလက်ပပ်ရဲ့ ဝက်ခြံကုထုံးအားသာချက်ကတော့ • ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပေးခြင်း • အသားအရေကို ညီညာချောမွေ့စေခြင်း • ကျယ်နေတဲ့ ချွေးပေါက်တွေကို ပြန်ကျဉ်းစေခြင်း • ဘက်တီးရီးယားပိုးတွေကို သေစေခြင်း • အသားအရေအတွက် ဘေးဥပါဒ်မဖြစ်စေခြင်း • ဓာတ်မတည့်မှု မရှိသလေ